Events
“စားသောက်ကုန်ထုတ်လုပ်ခြင်း နည်းပညာဆိုင်ရာလေ့လာရေးအစီအစဉ် ကိုရီးယားခရီးစဉ်” သို့ မြန်မာကုမ္ပဏီများ သွားရောက်လေ့လာ
Updated At: 2022-06-28 12:34:11
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Food Research Institute (KFRI)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီများ၏ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေး ရန်နှင့် ပို့ကုန်မြှင့်တင်ရန် မြန်မာနှင့်ကိုရီးယားနိုင်ငံတို့၏ စားသောက်ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ရည်ရွယ်၍ Korea- Myanmar Technology Advice and Solutions from Korea (TASK) for Food Processing Industry စီမံကိန်းကို ၂၀၂၁ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ စီမံကိန်း၏ လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ ၁၁ ရက်နေ့ထိ ကျင်းပပြုလုပ်သည့် စားသောက်ကုန်ထုတ်လုပ်ခြင်း နည်းပညာဆိုင်ရာ လေ့လာရေးခရီးစဉ်ကို မြန်မာနိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီ(၁၀) ခုမှ ကိုယ်စားလှယ်များ သွားရောက်ခဲ့ကြပြီး ကိုရီးယားနိုင်ငံ၏ စားသောက်ကုန်ထုတ်လုပ်သည့်ကဏ္ဍကို လေ့လာခဲ့ကြပါသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် ကိုရီးယားနိုင်ငံရှိ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများဖြစ်သော လက်ဖက်ခြောက်စက်ရုံ၊ ကော်ဖီစက်ရုံ၊ အချိုရည်စက်ရုံ၊ ငရုတ်သီး စက်ရုံများသို့ သွားရောက်လေ့လာခဲ့ကြပြီး ကိုရီးယားရှိ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများမှ ကျွမ်းကျင်ပညာရှင် များက မြန်မာကုမ္ပဏီများ ရင်ဆိုင်တွေ့ကြုံနေရသည့် စားသောက်ကုန်ထုတ်လုပ်ခြင်းနည်းပညာဆိုင်ရာအခက်ခဲများကို အကြံဉာဏ်ပေးခြင်းနှင့် နည်းပညာဆိုင်ရာအဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
ငယ်ငယ်ထွန်း(ကုန်သွယ်မြှင့်)
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026